သင့္ရဲ႕အစ္မဟာ သင့္အတြက္တန္ဖိုးမျဖတ္နိုင္တဲ့သူတစ္ေယာက္ျဖစ္ေၾကာင္းသက္ေသ(၁၀)ခ်က္

သင့္ရဲ႕အစ္မဟာ သင့္အတြက္တန္ဖိုးမျဖတ္နိုင္တဲ့သူတစ္ေယာက္ျဖစ္ေၾကာင္းသက္ေသ(၁၀)ခ်က္

မိန္းကေလးတစ္ေယာက္အတြက္ ကိုယ့္အထက္မွာ အစ္မတစ္ေယာက္ကို ပိုင္ဆိုင္ထားရတယ္ဆိုတာ ေတာ္ရံုကံေကာင္းျခင္းမ်ိဳးမဟုတ္ပါဘူးေနာ္။ အစ္မတစ္ေယာက္ရွိတယ္ဆိုတာ သင့္အတြက္အတြက္ တန္ဖိုးမျဖတ္နိုင္တဲ့ လက္ေဆာင္တစ္မ်ိဳးျဖစ္ျပီး သင့္ရဲ႕အစ္မဟာ သင့္အတြက္အေရးၾကီးဆံုးလူသားတစ္ေယာက္ျဖစ္တယ္ဆိုတာ ဒီအခ်က္ေတြက သက္ေသျပေနပါတယ္ေနာ္ …။

(၁) အစ္မဆိုတာ ဘ၀မွာ ပထမဆံုးခင္မင္ခြင့္ရခဲ့ျပီး၊ ကိုယ့္အေၾကာင္း၊ သူ႕အေၾကာင္းတစ္ခုမက်န္အကုန္သိၾကတဲ့ အရင္းႏွီးဆံုးသူငယ္ခ်င္းတစ္ေယာက္ ျဖစ္လို႕ပါ …။

(၂) မိသားစုအေပၚသင္ဘယ္ေလာက္ဆိုးဆိုး၊ ဘယ္လိုအမွားမ်ိဳးေတြပဲလုပ္မိပါေစ၊ ေနာက္ဆံုးမွာ နားလည္ေပးတဲ့သူကလည္း အစ္မပါပဲ …။

(၃) ကိုယ့္ရဲ႕ေကာင္းတာေတြေရာ၊ ဆိုးတာေတြေရာ ဘာကိုမွဖံုးကြယ္ထားဖို႕မလိုတဲ့၊ ကိုယ့္ကို ခ်ိဳ႕ယြင္းခ်က္ေတြနဲ႕တကြ လက္ခံတဲ့ အမ်ိဳးသမီးေလးတစ္ေယာက္လည္းျဖစ္လို႕ပါ …။

(၄) ကိုယ္ပိုင္မဟုတ္ေပမယ့္ ကိုယ္ၾကိဳက္တာေတြအခ်ိန္္မေရြးယူ၀တ္လို႕ရတဲ့ အ၀တ္ဗီရိုၾကီးရဲ႕ပိုင္ရွင္ဆိုလည္း မမွားပါဘူး …။

(၅) ကိုယ္ၾကံဳေတြ႕သမွ် အခက္အခဲေတြ၊ ျပႆနာေတြကို ေသခ်ာေပါက္ကူညီေျဖရွင္းမယ့္သူတစ္ေယာက္၊ သူၾကံဳေတြ႕ဖူးခဲ့တဲ့ အေတြ႕အၾကံဳမွန္သမွ်ျပန္ေ၀မွ်တဲ့ သူတစ္ေယာက္လည္း ျဖစ္လို႕ေပါ့ …။

(၆) ဘယ္ေလာက္ေ၀းေ၀းစိမ္းမသြားဘဲ အျမဲတမ္းရင္းနွီးေနမယ့္သူ၊ ကိုယ့္ခံစားခ်က္ေတြကို စိတ္ရွည္လက္ရွည္နားေထာင္ေပးသေလာက္၊ ကိုယ္စိတ္ညစ္မွာစိုးလို႕ သူ႕ရဲ႕အခက္အခဲေတြကိုေတာ့ တိတ္တိတ္ေလးသိမ္းထားတတ္တဲ့သူမို႕ပါ …။

(၇) ဘ၀မွာရဖူးသမွ် အၾကံေတြထဲ အျဖဴစင္ဆံုးနဲ႕ အေကာင္းဆံုးအၾကံကိုေပးနိုင္တဲ့သူေပါ့။ ကိုယ့္ဆီက ဘာျပန္ရရမယ္ဆိုတဲ့ အေပးအယူသေဘာမ်ိဳးမပါဘဲ၊ ကိုယ့္ကို အေကာက္ၾကံလိုစိတ္မရွိဘဲ အေကာင္းဆံုးအၾကံေတြေပးနိုင္တဲ့သူတစ္ေယာက္ျဖစ္လို႕ပါပဲ …။

(၈) သင့္အေပၚဘယ္ေတာ့မွ ဟန္ေဆာင္မွာမဟုတ္တဲ့၊ သင့္ဘက္ကလည္း ဘာအတြက္နဲ႕မွ ဟန္ေဆာင္ေနဖို႕မလိုတဲ့ အစစ္အမွန္ေတြကိုပဲ ေပးမယ့္သူတစ္ေယာက္ျဖစ္လို႕ပါ …။

(၉) သင့္ရဲ႕ ရူးသြပ္မႈေတြ၊ ဘယ္သူမွမေထာက္ခံတဲ့ ယံုၾကည္မႈေတြအတြက္လည္း သူမကေတာ့ အျမဲတမ္း ေထာက္ခံျပီး တတ္နိုင္သေလာက္ပံ့ပိုးေပးတဲ့သူတစ္ေယာက္ျဖစ္လို႕ပါ …။

(၁၀) ေဘးမွာဘယ္သူမွမရွိေတာ့ရင္ေတာင္ သူကေတာ့ သင့္ေဘးကေနဘယ္ေတာ့မွ ထြက္သြားမွာမဟုတ္ပါဘူး။ သင္ရံႈးနိမ့္ေနခ်ိန္မ်ိဳး၊ သင့္မွာ ဘာမွမရွိေတာ့တဲ့အေျခအေနမ်ိဳးမွာေတြမွာေတာင္မွ သင့္ကိုစြန္႕ခြာသြားမယ့္သူ မဟုတ္လို႕ပါေနာ္ …။

MAY THAZINHTOO

Unicode

သင့်ရဲ့အစ်မဟာ သင့်အတွက်တန်ဖိုးမဖြတ်နိုင်တဲ့သူတစ်ယောက်ဖြစ်ကြောင်းသက်သေ(၁၀)ချက်

မိန်းကလေးတစ်ယောက်အတွက် ကိုယ့်အထက်မှာ အစ်မတစ်ယောက်ကို ပိုင်ဆိုင်ထားရတယ်ဆိုတာ တော်ရုံကံကောင်းခြင်းမျိုးမဟုတ်ပါဘူးနော်။ အစ်မတစ်ယောက်ရှိတယ်ဆိုတာ သင့်အတွက်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်တစ်မျိုးဖြစ်ပြီး သင့်ရဲ့အစ်မဟာ သင့်အတွက်အရေးကြီးဆုံးလူသားတစ်ယောက်ဖြစ်တယ်ဆိုတာ ဒီအချက်တွေက သက်သေပြနေပါတယ်နော် …။

(၁) အစ်မဆိုတာ ဘဝမှာ ပထမဆုံးခင်မင်ခွင့်ရခဲ့ပြီး၊ ကိုယ့်အကြောင်း၊ သူ့အကြောင်းတစ်ခုမကျန်အကုန်သိကြတဲ့ အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက် ဖြစ်လို့ပါ …။

(၂) မိသားစုအပေါ်သင်ဘယ်လောက်ဆိုးဆိုး၊ ဘယ်လိုအမှားမျိုးတွေပဲလုပ်မိပါစေ၊ နောက်ဆုံးမှာ နားလည်ပေးတဲ့သူကလည်း အစ်မပါပဲ …။

(၃) ကိုယ့်ရဲ့ကောင်းတာတွေရော၊ ဆိုးတာတွေရော ဘာကိုမှဖုံးကွယ်ထားဖို့မလိုတဲ့၊ ကိုယ့်ကို ချို့ယွင်းချက်တွေနဲ့တကွ လက်ခံတဲ့ အမျိုးသမီးလေးတစ်ယောက်လည်းဖြစ်လို့ပါ …။

(၄) ကိုယ်ပိုင်မဟုတ်ပေမယ့် ကိုယ်ကြိုက်တာတွေအချိန််မရွေးယူဝတ်လို့ရတဲ့ အဝတ်ဗီရိုကြီးရဲ့ပိုင်ရှင်ဆိုလည်း မမှားပါဘူး …။

(၅) ကိုယ်ကြုံတွေ့သမျှ အခက်အခဲတွေ၊ ပြဿနာတွေကို သေချာပေါက်ကူညီဖြေရှင်းမယ့်သူတစ်ယောက်၊ သူကြုံတွေ့ဖူးခဲ့တဲ့ အတွေ့အကြုံမှန်သမျှပြန်ဝေမျှတဲ့ သူတစ်ယောက်လည်း ဖြစ်လို့ပေါ့ …။

(၆) ဘယ်လောက်ဝေးဝေးစိမ်းမသွားဘဲ အမြဲတမ်းရင်းနှီးနေမယ့်သူ၊ ကိုယ့်ခံစားချက်တွေကို စိတ်ရှည်လက်ရှည်နားထောင်ပေးသလောက်၊ ကိုယ်စိတ်ညစ်မှာစိုးလို့ သူ့ရဲ့အခက်အခဲတွေကိုတော့ တိတ်တိတ်လေးသိမ်းထားတတ်တဲ့သူမို့ပါ …။

(၇) ဘဝမှာရဖူးသမျှ အကြံတွေထဲ အဖြူစင်ဆုံးနဲ့ အကောင်းဆုံးအကြံကိုပေးနိုင်တဲ့သူပေါ့။ ကိုယ့်ဆီက ဘာပြန်ရရမယ်ဆိုတဲ့ အပေးအယူသဘောမျိုးမပါဘဲ၊ ကိုယ့်ကို အကောက်ကြံလိုစိတ်မရှိဘဲ အကောင်းဆုံးအကြံတွေပေးနိုင်တဲ့သူတစ်ယောက်ဖြစ်လို့ပါပဲ …။

(၈) သင့်အပေါ်ဘယ်တော့မှ ဟန်ဆောင်မှာမဟုတ်တဲ့၊ သင့်ဘက်ကလည်း ဘာအတွက်နဲ့မှ ဟန်ဆောင်နေဖို့မလိုတဲ့ အစစ်အမှန်တွေကိုပဲ ပေးမယ့်သူတစ်ယောက်ဖြစ်လို့ပါ …။

(၉) သင့်ရဲ့ ရူးသွပ်မှုတွေ၊ ဘယ်သူမှမထောက်ခံတဲ့ ယုံကြည်မှုတွေအတွက်လည်း သူမကတော့ အမြဲတမ်း ထောက်ခံပြီး တတ်နိုင်သလောက်ပံ့ပိုးပေးတဲ့သူတစ်ယောက်ဖြစ်လို့ပါ …။

(၁၀) ဘေးမှာဘယ်သူမှမရှိတော့ရင်တောင် သူကတော့ သင့်ဘေးကနေဘယ်တော့မှ ထွက်သွားမှာမဟုတ်ပါဘူး။ သင်ရှုံးနိမ့်နေချိန်မျိုး၊ သင့်မှာ ဘာမှမရှိတော့တဲ့အခြေအနေမျိုးမှာတွေမှာတောင်မှ သင့်ကိုစွန့်ခွာသွားမယ့်သူ မဟုတ်လို့ပါနော် …။

MAY THAZINHTOO