ဆိုင္ကလုန္းမုန္တိုင္း “ဖန္နီ” ေၾကာင့္ တစ္ႏိုင္ငံလံုး မိုးရြာမယ္

ဆိုင္ကလုန္းမုန္တိုင္း “ဖန္နီ” ေၾကာင့္ တစ္ႏိုင္ငံလံုး မိုးရြာမယ္

အလြန္႔အလြန္အားေကာင္းေနတဲ့ ဆိုင္ကလုန္းမုန္တိုင္း “ဖန္နီ” ရဲ႕ အရွိန္ေၾကာင့္ တစ္ႏိုင္ငံလံုးမိုးရြာႏိုင္တယ္လို႔ မိုးေလ၀သႏွင့္ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနက ေမလ(၂)ရက္ ညေန(၄)နာရီက ထုတ္ျပန္လိုက္ပါတယ္။ ေမလ(၂)ရက္ကေန (၄)ရက္အထိ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ရန္ကုန္တိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္၊ ကရင္ ျပည္နယ္နဲ႔ မြန္ျပည္နယ္တို႔မွာ ေနရာစိပ္စိပ္၊ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ဧရာဝတီတိုင္းေဒသႀကီး ၊ ရွမ္းျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ ကယားျပည္နယ္တို႔မွာေနရာကြက္က်ား ကေန ေနရာက်ဲက်ဲ မိုးထစ္ခ်ဳန္း႐ြာၿပီး၊ အခ်ိဳ႕ေဒသေတြမွာ ေနရာကြက္ၿပီး မိုးႀကီးႏိုင္တယ္လို႔ ထုတ္ျပန္ထားတာျဖစ္ပါတယ္ ….. ။

ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔မွာ ရံဖန္ရံခါ မိုးသက္ေလျပင္း က်ႏိုင္ၿပီး လိႈင္းႀကီးႏိုင္တယ္လို႔ ဆိုပါတယ္။ မိုးသက္ေလျပင္းက်စဥ္ေရျပင္၊ ေျမျပင္ေလဟာတစ္နာရီကို မိုင္(၄၀)ကေန (၄၅)မိုင္အထိ တိုက္ခတ္ႏိုင္ပါတယ္။ လိႈင္းအျမင့္ကေတာ့ (၁၀)ေပကေန (၁၃)ေပအထိ ရွိႏိုင္တယ္လို႔ ထုတ္ျပန္ပါတယ္ …. ။

မုန္တိုင္းအရွိန္ေၾကာင့္ ျပည္တြင္းေလေၾကာင္းပ်ံသန္းေရး၊ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔က ကမ္းနီး၊ ကမ္းေ၀းငါးဖမ္းေရယာဥ္ေတြ၊ သေဘၤာေတြအေနနဲ႔ သတိျပဳဖို႔လည္း အသိေပးထားပါတယ္။ အလြန္႔အလြန္အားေကာင္းေနတဲ့ ဆိုင္ကလုန္း မုန္တိုင္း “ဖန္နီ” ဟာ ေနာက္(၃၆)နာရီအတြင္း အိႏၵိယႏိုင္ငံ ၾသရိႆကမ္းေျခကို ဂိုလ္ပါပူရ္ၿမိဳ႕နဲ႔ ခ်န္ဘာလီၿမိဳ႕ အၾကား ျဖတ္ေက်ာ္၀င္ေရာက္မယ္လို႔ ခန္႔မွန္းထားပါတယ္ ….. ။

5 PLUS NEWS

Share
Previous article

Unicode

အလွန့်အလွန်အားကောင်းနေတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ” ရဲ့ အရှိန်ကြောင့် တစ်နိုင်ငံလုံးမိုးရွာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေလ(၂)ရက် ညနေ(၄)နာရီက ထုတ်ပြန်လိုက်ပါတယ်။ မေလ(၂)ရက်ကနေ (၄)ရက်အထိ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင် ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး ၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့မှာနေရာကွက်ကျား ကနေ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ် ….. ။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်း ကျနိုင်ပြီး လှိုင်းကြီးနိုင်တယ်လို့ ဆိုပါတယ်။ မိုးသက်လေပြင်းကျစဉ်ရေပြင်၊ မြေပြင်လေဟာတစ်နာရီကို မိုင်(၄၀)ကနေ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့်ကတော့ (၁၀)ပေကနေ (၁၃)ပေအထိ ရှိနိုင်တယ်လို့ ထုတ်ပြန်ပါတယ် …. ။

မုန်တိုင်းအရှိန်ကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့က ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့ သတိပြုဖို့လည်း အသိပေးထားပါတယ်။ အလွန့်အလွန်အားကောင်းနေတဲ့ ဆိုင်ကလုန်း မုန်တိုင်း “ဖန်နီ” ဟာ နောက်(၃၆)နာရီအတွင်း အိန္ဒိယနိုင်ငံ သြရိဿကမ်းခြေကို ဂိုလ်ပါပူရ်မြို့နဲ့ ချန်ဘာလီမြို့ အကြား ဖြတ်ကျော်ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ် ….. ။

5 PLUS NEWS