ဝမ်းနဲစရာကောင်းတဲ့….. တောင်ကြီးမြို့လေးလောင်းပြိုင်ဈာပနမြင်ကွင်း…
ဝမ်းနဲစရာကောင်းတဲ့….. တောင်ကြီးမြို့လေးလောင်းပြိုင်ဈာပနမြင်ကွင်း…
Photo By SiThu Maung
Unicode
ဝမ်းနဲစရာကောင်းတဲ့….. တောင်ကြီးမြို့လေးလောင်းပြိုင်စျာပနမြင်ကွင်း…
တောင်ကြီးမြို့၊ ကန်သာရပ်ကွက်၊ နယ်မြေ (၁၄)၊ မင်္ဂလာလမ်း ၊ အိမ်အမှတ် (၁၁၈) ရှိ မြင်းဖြူနှစ်ကောင်ဆေးတိုက်နေအိမ်တွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၈)ရက်နေ့ နံနက် ၀၂:၀၀ အချိန်ခန့် ၌ အမည်မသိလူသတ်သမား၏ ရက်စက်စွာသတ်ဖြတ်ခြင်းခံခဲ့ရသည့်အတွက် ….
လူမမယ်အရွယ် မောင်စိုင်းဖဖ (၇) လသား ၊ ဖခင်ဖြစ်သူစိုင်းဆေးမွန်း အသက်(၂၇) နှစ် ၊ မိခင်ဖြစ်သူ မနန်းခမ်းလှိုင် အသက် ( ၂၄ ) နှစ်နှင့် အိမ်အကူဖြစ်သူမအေးမိုး အသက် ( ၁၇ ) နှစ်တို့သည်ဘဝတစ်ပါးသို့ကူးပြောင်းသွားခဲ့ကြပြီးကြွင်းကျန်ရစ်သောရုပ်ကလပ်များကို ….ဧပြီလ ၃၀ ရက်နေ့ နေ့လည် ၁၃:၀၀ ချိန်တွင် တောင်ကြီးမြို့စဝ်စံထွန်းဆေးရုံ( ရင်ခွဲရုံ) မှ တိုင်းရင်းသားပေါင်းစုံသုသာန်သို့ပို့ဆောင်၍မီးသင်္ဂြိုလ်ခဲ့ကြပြီးဖြစ်ပါတယ် ….။
မနန်ခမ်းလှိုင်သည် မသေဆုံးမှီည ၁၁ နာရီကျော်အထိ လိုင်းပေါ်တွင်ရှိနေပြီး မီးပျက်မည်ဆိုတဲ့ပို့စ်ကို သူမ၏လူမှုကွန်ယက်စာမျက်နှာတွင်နောက်ဆုံးရှယ်သွားပြီး နောက်ဆုံး ည ၀၁:၀၀ ချိန်မှာတော့ EPC မှမီးဖြတ်ပါတယ် …။
ထို့နောက်မှာတော့….ကံကြမ္မာသည်မှောင်အတိဖြစ်သွားပါတော့သည်…..။ ။
Photo By SiThu Maung