









unicode

မြမြ ဝိညာဉ်ဝင်ပူးခံရသည့် မဇာခြည်လွင် နဲ့ မဝေဇင်ထွန်း တို့ ပြောပြီ….

မြမြဝင်ပူးခံရသူ မဇာခြည်လွင် နဲ့ မဝေဇင်ထွန်း တို့ ပြောပြီ

ဒီနေ့ပြုလုပ်တဲ့ ကျောက်စိမ်းစက်ရုံတာဝန်ရှိသူများ သတင်းစာရှင်းလင်းပွဲ မှာ မြမြဝင်ပူးခံရသူ မဇာခြည်လွင် နဲ့ မဝေဇင်ထွန်း တို့ရဲ့ ပြောကြားချက်များကို ထုတ်နှုတ်ဖော်ပြလိုက်ပါတယ်နော် ….။

“ညီမကိုလည်း လုပ်ကြံပြီးလုပ်တယ်ပြောတယ်၊ ညီမကိုယ်ချင်းစားလို့ ကူညီတာပါ၊ ညီမကို ရူးတယ်လို့လည်းပြောကြတယ်၊ အခုသတင်းစာရှင်းလင်းပွဲရှိတယ်ပြောလို့လာတာပါ၊မြမြဆိုတာကို ညီမလည်း မသိပါဘူး ….။

ဦးနှောက်ထဲမှလည်း မရှိပါဘူး၊ ဝင်ပူးခံရပြီးနောက် ဗီဒီယိုဖိုင်ပြန်ကြည်တော့မှသိတာပါ။” ဟု ယင်းစက်ရုံတွင်အလုပ်လုပ်ကိုင်ပြီး ပထမဆုံးဝင်ပူးခံရသည် စက်ရုံအလုပ်သမား မဇာခြည်လွင်ကပြောပါတယ် ….။

“ကျွန်မကို ဘုန်းကြီးကိုယ်တိုင်ကထုတ်ပေးတာပါ၊ ညီမတို့က အမှန်တရားကို ဖော်ထုတ်ပေးမယ့် ငွေအင်အားမရှိဘူး၊ လူအင်အားမရှိဘူး၊ ဒီသတင်းစာရှင်းပွဲလုပ်တာလည်း ညီမတို့ကို ဖိတ်ခြင်းလည်းမရှိပါဘူး၊

ညီမတို့က ညီမတို့လိမ်တာမဟုတ်ဘူးဆိုတာကို လာရှင်းတာ…သူတို့ပြောသွားတဲ့စကားကလည်း ညီမတို့က သက်သက်မယ့်လုပ်ကြံတယ်ဆိုပြီးပြောတာ၊ အခု လိုင်းပေါ်မှာအဆဲခံနေရတာအများကြီး၊ ညီမတို့ဘက်မှာ ဘယ်သူမှမရှိဘူး။

ဒီစက်ရုံမှ မြမြ ရှိလားမရှိလာဆိုတာလည်း ညီမတို့မသိဘူး၊ ညီမတို့လည်း ဂုဏ်သိက္ခာကျပါတယ်။ညီမတို့ပြောတဲ့စကားတွေလည်း မဟုတ်ပါဘူး”.ဟု ဒုတိယမြောက် ဝိညာဉ်ဝင်ပူးခံရသည့် ယင်းစက်ရုံမှအလုပ်သမား မဝေဇင်ထွန်းကအခုလိုပဲ ပြောပြခဲ့ပါတယ် …။

Source: The Myanmar Times