လူတစ္ေယာက္ရဲ႕ တန္ဖိုး

လူတစ္ေယာက္ရဲ႕ တန္ဖိုး

သင့္ကို မခ်စ္ႏိုင္တဲ့သူ တစ္ေယာက္ကို အတင္းႀကီး တြယ္ကပ္မေနပါနဲ႔။ တကယ္ေတာ့ သူတို႔ဟာ သင္ထင္သလို တန္ဖိုးမႀကီး လွပါဘူး ….။

တန္ဖိုးဆိုတာ သင့္စိတ္က သတ္မွတ္ျခင္းနဲ႔ ဆိုင္ပါတယ္။ ပိုင္ဆိုင္လိုစိတ္ ႀကီးမားလာတာနဲ႔ အမၽွ တန္ဖိုးက တက္လာပါတယ္။ ပိုက္ဆံႏွစ္ရာေလာက္သာ တန္တဲ့ ေဖာင္တိန္ တစ္ေခ်ာင္းကို တန္ဖိုးႀကီးတယ္ လို႔ သတ္မွတ္လိုက္တာနဲ႔ ေဖာင္တိန္ရဲ႕ တန္ဖိုးဟာ ျမင့္တက္သြားႏိုင္ပါတယ္ ….။

သင္ဟာ လူတစ္ေယာက္ကို အရမ္း ပိုင္ဆိုင္လိုခ်င္ၿပီ ဆိုတာနဲ႔ သင္ဟာ သူ႔အေပၚမွာ တန္ဖိုးထားလာပါၿပီ။ သူ႔ကို ပိုင္ဆိုင္လိုက္တာနဲ႔ သင့္ဘဝဟာ ၿပီးျပည့္စုံၿပီလို႔ ထင္ေကာင္း ထင္လာႏိုင္ပါတယ္ ….။

အဲ့ဒီလို ထင္လိုက္မယ္ ဆိုရင္ သင့္ဘဝထဲကို စိတ္ညစ္စရာေတြ အလုံးအရင္း ဝင္လာႏိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ လူေတြဟာ ကိုယ္တန္ဖိုးထားတဲ့ အရာကို ပိုင္ဆိုင္ခြင့္ မရေတာ့ဘဲ ပ်က္စီး ဆုံးရႈံးသြားမွာကို မခံစား ႏိုင္ၾကလို႔ပါ ….။

ဥပမာ… သင္ဟာ အခု လက္ရွိ တန္ဖိုးထားတဲ့ အရာတစ္ခု ေပ်ာက္သြားတယ္ ဆိုပါစို႔။ သင္ဘယ္လို ခံစားရမလဲ ….?

သင္ဟာ ယေန႔ ဖုန္း အသစ္ေလးတစ္လုံး ဝယ္လာၿပီ ဆိုရင္ အဲ့ဒီဖုန္းေလး ပ်က္စီးသြားမွာ၊ ကြဲသြားမွာကို ေသမေလာက္ေအာင္ ေၾကာက္ေနပါလိမ့္မယ္။ သင္ဟာ သင့္ဖုန္းေလးကို ေသခ်ာထိန္းသိမ္းဖို႔ အျမဲတမ္း စဥ္းစားေနရပါၿပီ ….။

သင့္စိတ္ေတြဟာ အရင္ကလို လန္းဆန္းမႈ မရွိေတာ့ ေလာက္ေအာင္ ျဖစ္လာႏိုင္ပါတယ္။ သင့္ရဲ႕လြတ္လပ္မႈေတြ ေပ်ာက္ဆုံးလာပါလိမ့္မယ္ ….။

သင္ဟာ လူတစ္ေယာက္ကို ခ်စ္မိလို႔ သူ႔အေပၚမွာ တန္ဖိုးထားလာၿပီ ဆိုရင္ သင့္စိတ္ထဲမွာ သူနဲ႔ ပတ္သက္ၿပီး သဝန္တိုမႈေတြ၊ စိတ္ခ်ဳပ္ေထြးမႈေတြ၊ ခံစားရတာေတြ ျဖစ္ေပၚလာပါလိမ့္မယ္။ အဲ့ဒီအခါ သင့္ရဲ႕ ေပ်ာ္ရႊင္မႈေတြဟာ အေဝးကို လြင့္ထြက္သြား ပါလိမ့္မယ္ ….။

လူတစ္ေယာက္အေပၚမွာ ခ်စ္လို႔ ရပါတယ္။ တန္ဖိုးလည္း ထားရပါမယ္။ ဒါေပမယ့္ အရမ္းႀကီးတန္ဖိုး ထားမိရင္ေတာ့ သင္အမွားႀကီး မွားသြားႏိုင္ပါတယ္ ….။

တကယ္ ပိုင္ဆိုင္ခြင့္ရလာတဲ့ တစ္ေန႔မွာ သူဟာ သင္ထင္သလို အရမ္းႀကီး တန္ဖိုးမႀကီး ဘူးဆိုတာ သိလာပါလိမ့္မယ္။ ၿပီးေတာ့ သင္ဟာ ဘယ္ေလာက္ပဲ တန္ဖိုး ရွိတဲ့ လူတစ္ေယာက္ျဖစ္ေနပါေစ တန္ဖိုး မသိတတ္တဲ့သူကေတာ့ သင့္ကို တန္ဖိုး မထားပါဘူး ….။

ဒါ့ေၾကာင့္ ကိုယ့္ကို တန္ဖိုးမထားရေကာင္းမလား ဆိုၿပီး ေဒါသထြက္တာ၊ စိတ္ဆင္းရဲတာမ်ိဳးေတြ မျဖစ္ပါေစနဲ႔။ တန္ဖိုးဆိုတာ တန္ဖိုးထားတတ္တဲ့ စိတ္နဲ႔ပဲ ဆိုင္တယ္ ဆိုတာ နားလည္ထားပါေနာ္ ….။

တန္ဖိုးရွိေအာင္ေနပါ။ တန္ဖိုးရွိတဲ့ သူကိုလည္း တန္ဖိုး ထားပါ ….။

Credit_Thi Ha

——————————–

Unicode

လူတစ်ယောက်ရဲ့ တန်ဖိုး

သင့်ကို မချစ်နိုင်တဲ့သူ တစ်ယောက်ကို အတင်းကြီး တွယ်ကပ်မနေပါနဲ့။ တကယ်တော့ သူတို့ဟာ သင်ထင်သလို တန်ဖိုးမကြီး လှပါဘူး ….။

တန်ဖိုးဆိုတာ သင့်စိတ်က သတ်မှတ်ခြင်းနဲ့ ဆိုင်ပါတယ်။ ပိုင်ဆိုင်လိုစိတ် ကြီးမားလာတာနဲ့ အမျှ တန်ဖိုးက တက်လာပါတယ်။ ပိုက်ဆံနှစ်ရာလောက်သာ တန်တဲ့ ဖောင်တိန် တစ်ချောင်းကို တန်ဖိုးကြီးတယ် လို့ သတ်မှတ်လိုက်တာနဲ့ ဖောင်တိန်ရဲ့ တန်ဖိုးဟာ မြင့်တက်သွားနိုင်ပါတယ် ….။

သင်ဟာ လူတစ်ယောက်ကို အရမ်း ပိုင်ဆိုင်လိုချင်ပြီ ဆိုတာနဲ့ သင်ဟာ သူ့အပေါ်မှာ တန်ဖိုးထားလာပါပြီ။ သူ့ကို ပိုင်ဆိုင်လိုက်တာနဲ့ သင့်ဘဝဟာ ပြီးပြည့်စုံပြီလို့ ထင်ကောင်း ထင်လာနိုင်ပါတယ် ….။

အဲ့ဒီလို ထင်လိုက်မယ် ဆိုရင် သင့်ဘဝထဲကို စိတ်ညစ်စရာတွေ အလုံးအရင်း ဝင်လာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လူတွေဟာ ကိုယ်တန်ဖိုးထားတဲ့ အရာကို ပိုင်ဆိုင်ခွင့် မရတော့ဘဲ ပျက်စီး ဆုံးရှုံးသွားမှာကို မခံစား နိုင်ကြလို့ပါ ….။

ဥပမာ… သင်ဟာ အခု လက်ရှိ တန်ဖိုးထားတဲ့ အရာတစ်ခု ပျောက်သွားတယ် ဆိုပါစို့။ သင်ဘယ်လို ခံစားရမလဲ ….?

သင်ဟာ ယနေ့ ဖုန်း အသစ်လေးတစ်လုံး ဝယ်လာပြီ ဆိုရင် အဲ့ဒီဖုန်းလေး ပျက်စီးသွားမှာ၊ ကွဲသွားမှာကို သေမလောက်အောင် ကြောက်နေပါလိမ့်မယ်။ သင်ဟာ သင့်ဖုန်းလေးကို သေချာထိန်းသိမ်းဖို့ အမြဲတမ်း စဉ်းစားနေရပါပြီ ….။

သင့်စိတ်တွေဟာ အရင်ကလို လန်းဆန်းမှု မရှိတော့ လောက်အောင် ဖြစ်လာနိုင်ပါတယ်။ သင့်ရဲ့လွတ်လပ်မှုတွေ ပျောက်ဆုံးလာပါလိမ့်မယ် ….။

သင်ဟာ လူတစ်ယောက်ကို ချစ်မိလို့ သူ့အပေါ်မှာ တန်ဖိုးထားလာပြီ ဆိုရင် သင့်စိတ်ထဲမှာ သူနဲ့ ပတ်သက်ပြီး သဝန်တိုမှုတွေ၊ စိတ်ချုပ်ထွေးမှုတွေ၊ ခံစားရတာတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ အဲ့ဒီအခါ သင့်ရဲ့ ပျော်ရွှင်မှုတွေဟာ အဝေးကို လွင့်ထွက်သွား ပါလိမ့်မယ် ….။

လူတစ်ယောက်အပေါ်မှာ ချစ်လို့ ရပါတယ်။ တန်ဖိုးလည်း ထားရပါမယ်။ ဒါပေမယ့် အရမ်းကြီးတန်ဖိုး ထားမိရင်တော့ သင်အမှားကြီး မှားသွားနိုင်ပါတယ် ….။

တကယ် ပိုင်ဆိုင်ခွင့်ရလာတဲ့ တစ်နေ့မှာ သူဟာ သင်ထင်သလို အရမ်းကြီး တန်ဖိုးမကြီး ဘူးဆိုတာ သိလာပါလိမ့်မယ်။ ပြီးတော့ သင်ဟာ ဘယ်လောက်ပဲ တန်ဖိုး ရှိတဲ့ လူတစ်ယောက်ဖြစ်နေပါစေ တန်ဖိုး မသိတတ်တဲ့သူကတော့ သင့်ကို တန်ဖိုး မထားပါဘူး ….။

ဒါ့ကြောင့် ကိုယ့်ကို တန်ဖိုးမထားရကောင်းမလား ဆိုပြီး ဒေါသထွက်တာ၊ စိတ်ဆင်းရဲတာမျိုးတွေ မဖြစ်ပါစေနဲ့။ တန်ဖိုးဆိုတာ တန်ဖိုးထားတတ်တဲ့ စိတ်နဲ့ပဲ ဆိုင်တယ် ဆိုတာ နားလည်ထားပါနော် ….။

တန်ဖိုးရှိအောင်နေပါ။ တန်ဖိုးရှိတဲ့ သူကိုလည်း တန်ဖိုး ထားပါ ….။

Credit_Thi Ha

——————————–