သိန္း၅၀၀၀ရေအာင္ဘယ္လို ပိုက္ဆံ႐ွာခဲ့ရသလဲဆိုတာေျပာျပသြားတဲ့ ပိုပို

သိန္း၅၀၀၀ရေအာင္ဘယ္လို ပိုက္ဆံ႐ွာခဲ့ရသလဲဆိုတာေျပာျပသြားတဲ့ ပိုပို

အခုတေလာ ပရိသတ္ေတြၾကားမွာေရးပန္းစားေနတဲ့ ကိစၥတစ္ခု႐ိွပါတယ္။ အဲ့တာကေတာ့ ပိုပိုရဲ႕သိန္းငါးေထာင္တန္ဖိုး႐ိွတယ္ဆိုတဲ့အိမ္ႀကီးအေၾကာင္းပါ။ အဲဒီအိမ္ႀကီးကိုေဆာက္တဲ့ ပိုက္ဆံေတြကိုဘယ္လိုမ်ား ႐ွာထားသလဲဆိုတာကိုလည္း ပရိသတ္ေတာ္ေတာ္မ်ားမ်ားကသိခ်င္ၾကပါတယ္…။

သူကသူရဲ႕အိမ္အေၾကာင္းနဲ႔ ဒီပိုက္ဆံုေတြကိုဘယ္လိုစုထားတာလဲဆိုတဲ့အေၾကာင္းေတြကို Myanmar Celebrity နဲ႔ Cele ရပ္ကြက္ တို႔ရဲ႕အင္တာဗ်ဴးေတြမွာေျပာျပသြားတာေတြ႐ိွပါတယ္။ သူေျပာျပသြားတဲ့အေၾကာင္းေတြကို မိတ္ေဆြေတြသိေအာင္ျပန္ေျပာျပေပးလိုက္ပါတယ္ေနာ္ …။

ပိုက္ဆံ သိန္း၅၀၀၀ကို ဘယ္လို႐ွာခဲ့လဲဆိုတဲ့ေမးခြန္းကို “ ဘယ္လိုေျပာရမလဲ ပိုပို အဲ့ဒီလိုမ်ိဳးေျပာရင္ရယ္ခ်င္တာ ။ ဘာမွမျဖစ္ပါဘူး ခံလည္းမခံစားရဘူး ။ကိုယ္က႐ိုး႐ိုးသားသား ကိုယ့္ပိုက္ဆံ႐ွာၿပီးေတာ့ ကိုယ္လုပ္တာေလ ကိုယ္႐ိုး႐ိုးသားသား႐ွာေဖြတယ္ဆိုတာ လူတိုင္းသိတယ္။ ၿပီးေတာ့ ပိုပိုက ၂၀၁၄ ခုႏွစ္ကေနစၿပီးေတာ့ ေအာင္ျမင္လာတဲ့အဆိုေတာ္ပါ။ အခု၂၀၁၉ဆိုေတာ့ ငါးႏွစ္တာ႐ွာထားတဲ့ပိုက္ဆံေတြကိုစုတာေပါ့လို႔ …။

တကယ္လို႔သာျဖတ္လမ္းနည္းနဲ႔ဆိုရင္တစ္ႏွစ္အတြင္းကိုယ္ကအရမ္းခ်မ္းသာသြားမွာ ။(ရယ္လ်က္)ပိုပိုက ႏွစ္ႏွစ္ခြဲေလာက္ပိုက္ဆံစုမွ ေျမေလးဝယ္ႏိုင္တာပါ။ သံုးႏွစ္ေက်ာ္ေက်ာ္ေလာက္မွာမွာ အိမ္ေလးစေဆာက္ႏိုင္တာပါ။ အထင္သိပါမႀကီးနဲ႔ဦး ဘဏ္ကေနပိုက္ဆံေခ်းၿပီးေတာ့ေဆာက္ထားတာပါ။ ပိုပိုကညာလည္းမညာတတ္ဘူးေလ ဒီပိုက္ဆံ မဟုတ္တာလုပ္လို႔ရထားတဲ့ပိုက္ဆံမွ မဟုတ္တာ ကိုယ္က႐ိုး႐ိုးသားသားနဲ႔သီခ်င္းေတြဆိုၿပီး႐ွာထားတဲ့ ပိုက္ဆံနဲ႔ကိုယ္က အိမ္ေဆာက္တာေလ ပိုပိုဘဝမွာ လိမ္ညာတာ ဖံုးကြယ္ထားတာေတာ့မ႐ိွပါဘူး ။ ဒါေပမယ့္ ပြင့္ပြင့္လင္းလင္းေျပာလြန္းလို႔လူေတြက လာလိမ္ခ်င္ၾကတာေတာ့႐ိွတယ္။” ဆိုၿပီးေျပာျပသြားခဲ့တာ ျဖစ္ပါတယ္ …။

ေနာက္ၿပီး သူရဲ႕အိမ္ဆိုတဲ့စကားလံုးအေပၚမွာ အဓိပၸါယ္ဖြင့္ဆိုပံုကိုလည္း “ အဖြားကအၿမဲေျပာဖူးတယ္။အိမ္တစ္လံုး႐ိွရင္ အိမ္ထဲမွာ ပြင့္ပြင့္လင္းလင္းေျပာရရင္ ငါးပိရည္နဲ႔ထမင္းစားေနရင္ေတာင္ ဘယ္သူမွမသိဘူးတဲ့ ။ အဲ့ဒါေတာ့ဟုတ္ပါတယ္။ အိမ္ကကိုယ့္ရဲ႕နားခိုရာလည္းျဖစ္တယ္။ အျခားေနရာေတြဘယ္ေလာက္ေကာင္းေကာင္းဘယ္ေလာက္ပဲေပ်ာ္႐ႊင္စရာပဲေကာင္းေကာင္း ၊ ဘယ္ေလာက္ပဲခမ္းနားေနပါေစ ကိုယ့္အိမ္ေရာက္တဲ့အခါက်ရင္ စိတ္ခ်မ္းသာသြားေရာ

ကိုယ့္အိမ္ကတဲအိမ္ေလးပဲ ျဖစ္ျဖစ္ တိုက္အိမ္ေလးပဲျဖစ္ျဖစ္ ဘာပဲျဖစ္ျဖစ္ေက်ာတခင္းစာေပါ့ေနာ္ လူတိုင္းလူတိုင္းမွာ႐ိွသင့္တယ္ ။ ကိုယ္ကိုယ္တိုင္ကလည္း အိမ္ကို အရမ္း႐ူးသြပ္တာေပါ့ေနာ္။ အရင္တုန္းကေတာ့ မိသားစုနဲ႔ေနခ်င္တဲ့အိမ္ေလးေပါ့။ ေနာက္ ဖားသားႀကီးေတြ မားသားႀကီးေတြက ျပန္မေပါင္းျဖစ္ေတာ့ဘူးလို႔ထင္သြားတဲ့အခ်ိန္က်ေတာ့ ကိုယ္တစ္ေယာက္တည္းေနမယ္လို႔စိတ္ကူးလိုက္တာေပါ့။”ဆိုၿပီးေျပာျပသြားခဲ့ပါတယ္ေနာ္ ….။

Share From nanmalgyi

Unicode

သိန်း၅ဝဝဝရအောင်ဘယ်လို ပိုက်ဆံရှာခဲ့ရသလဲဆိုတာပြောပြသွားတဲ့ ပိုပို

အခုတလော ပရိသတ်တွေကြားမှာရေးပန်းစားနေတဲ့ ကိစ္စတစ်ခုရှိပါတယ်။ အဲ့တာကတော့ ပိုပိုရဲ့သိန်းငါးထောင်တန်ဖိုးရှိတယ်ဆိုတဲ့အိမ်ကြီးအကြောင်းပါ။ အဲဒီအိမ်ကြီးကိုဆောက်တဲ့ ပိုက်ဆံတွေကိုဘယ်လိုများ ရှာထားသလဲဆိုတာကိုလည်း ပရိသတ်တော်တော်များများကသိချင်ကြပါတယ်…။

သူကသူရဲ့အိမ်အကြောင်းနဲ့ ဒီပိုက်ဆုံတွေကိုဘယ်လိုစုထားတာလဲဆိုတဲ့အကြောင်းတွေကို Myanmar Celebrity နဲ့ Cele ရပ်ကွက် တို့ရဲ့အင်တာဗျူးတွေမှာပြောပြသွားတာတွေရှိပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို မိတ်ဆွေတွေသိအောင်ပြန်ပြောပြပေးလိုက်ပါတယ်နော် …။

ပိုက်ဆံ သိန်း၅ဝဝဝကို ဘယ်လိုရှာခဲ့လဲဆိုတဲ့မေးခွန်းကို “ ဘယ်လိုပြောရမလဲ ပိုပို အဲ့ဒီလိုမျိုးပြောရင်ရယ်ချင်တာ ။ ဘာမှမဖြစ်ပါဘူး ခံလည်းမခံစားရဘူး ။ကိုယ်ကရိုးရိုးသားသား ကိုယ့်ပိုက်ဆံရှာပြီးတော့ ကိုယ်လုပ်တာလေ ကိုယ်ရိုးရိုးသားသားရှာဖွေတယ်ဆိုတာ လူတိုင်းသိတယ်။ ပြီးတော့ ပိုပိုက ၂၀၁၄ ခုနှစ်ကနေစပြီးတော့ အောင်မြင်လာတဲ့အဆိုတော်ပါ။ အခု၂၀၁၉ဆိုတော့ ငါးနှစ်တာရှာထားတဲ့ပိုက်ဆံတွေကိုစုတာပေါ့လို့ …။

တကယ်လို့သာဖြတ်လမ်းနည်းနဲ့ဆိုရင်တစ်နှစ်အတွင်းကိုယ်ကအရမ်းချမ်းသာသွားမှာ ။(ရယ်လျက်)ပိုပိုက နှစ်နှစ်ခွဲလောက်ပိုက်ဆံစုမှ မြေလေးဝယ်နိုင်တာပါ။ သုံးနှစ်ကျော်ကျော်လောက်မှာမှာ အိမ်လေးစဆောက်နိုင်တာပါ။ အထင်သိပါမကြီးနဲ့ဦး ဘဏ်ကနေပိုက်ဆံချေးပြီးတော့ဆောက်ထားတာပါ။ ပိုပိုကညာလည်းမညာတတ်ဘူးလေ ဒီပိုက်ဆံ မဟုတ်တာလုပ်လို့ရထားတဲ့ပိုက်ဆံမှ မဟုတ်တာ ကိုယ်ကရိုးရိုးသားသားနဲ့သီချင်းတွေဆိုပြီးရှာထားတဲ့ ပိုက်ဆံနဲ့ကိုယ်က အိမ်ဆောက်တာလေ ပိုပိုဘဝမှာ လိမ်ညာတာ ဖုံးကွယ်ထားတာတော့မရှိပါဘူး ။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပြောလွန်းလို့လူတွေက လာလိမ်ချင်ကြတာတော့ရှိတယ်။” ဆိုပြီးပြောပြသွားခဲ့တာ ဖြစ်ပါတယ် …။

နောက်ပြီး သူရဲ့အိမ်ဆိုတဲ့စကားလုံးအပေါ်မှာ အဓိပ္ပါယ်ဖွင့်ဆိုပုံကိုလည်း “ အဖွားကအမြဲပြောဖူးတယ်။အိမ်တစ်လုံးရှိရင် အိမ်ထဲမှာ ပွင့်ပွင့်လင်းလင်းပြောရရင် ငါးပိရည်နဲ့ထမင်းစားနေရင်တောင် ဘယ်သူမှမသိဘူးတဲ့ ။ အဲ့ဒါတော့ဟုတ်ပါတယ်။ အိမ်ကကိုယ့်ရဲ့နားခိုရာလည်းဖြစ်တယ်။ အခြားနေရာတွေဘယ်လောက်ကောင်းကောင်းဘယ်လောက်ပဲပျော်ရွှင်စရာပဲကောင်းကောင်း ၊ ဘယ်လောက်ပဲခမ်းနားနေပါစေ ကိုယ့်အိမ်ရောက်တဲ့အခါကျရင် စိတ်ချမ်းသာသွားရော

ကိုယ့်အိမ်ကတဲအိမ်လေးပဲ ဖြစ်ဖြစ် တိုက်အိမ်လေးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ကျောတခင်းစာပေါ့နော် လူတိုင်းလူတိုင်းမှာရှိသင့်တယ် ။ ကိုယ်ကိုယ်တိုင်ကလည်း အိမ်ကို အရမ်းရူးသွပ်တာပေါ့နော်။ အရင်တုန်းကတော့ မိသားစုနဲ့နေချင်တဲ့အိမ်လေးပေါ့။ နောက် ဖားသားကြီးတွေ မားသားကြီးတွေက ပြန်မပေါင်းဖြစ်တော့ဘူးလို့ထင်သွားတဲ့အချိန်ကျတော့ ကိုယ်တစ်ယောက်တည်းနေမယ်လို့စိတ်ကူးလိုက်တာပေါ့။”ဆိုပြီးပြောပြသွားခဲ့ပါတယ်နော် ….။

Share From nanmalgyi