လူငါးဦး မိုးႀကိဳးပစ္ခံရ
လူငါးဦး မိုးႀကိဳးပစ္ခံရ
Dawei Watch
Unicode
လူငါးဦး မိုးကြိုးပစ်ခံရ
ရောင်းမော်ကျေးရွာတွင် လူငါးဦး မိုးကြိုးပစ်ခံရ၊ နှစ်ဦးသေဆုံး
ထားဝယ်မြို့နယ် ရောင်းမော်ကျေးရွာတွင် ဧပြီလ ၃၀ ရက် နေ့လယ် ၃ နာရီခန့်က က လူငါးဦး မိုးကြိုးပစ်ခံခဲ့ရပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း ရောင်းမော်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံမှ သိရပါတယ် …။
ထားဝယ်မြို့နယ်၊ ရောင်းမော်ကျေးရွာတွင် ညနေ ၃ နာရီခန့်က မိုးကြိုးပစ်ခဲ့ခြင်းဖြစ်ပြီး အသက် ၂၄ နှစ် နှင့် အသက် ၂၇ နှစ်အရွယ် အမျိုးသားနှစ်ဦးသေဆုံးခဲ့ကြောင်း ယင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ် …။
မိုးကြိုးပစ်ခံရသူငါးဦးအနက် တစ်ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန်လေးဦးကို ထားဝယ်ဆေးရုံကြီးသို့တင်ပို့ခဲ့ရာ တစ်ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့ကြောင်း၎င်းက ပြောပါတယ် …။
မိုးကြိုးပစ်ခံရသူများမှာ အုတ်ဖိုလုပ်ငန်းတွင် လာရောက်လုပ်ကိုင်သည့် ရွှေ့ပြောင်းအလုပ်သမားများဖြစ်ပြီး မနီးမဝေးတွင်ရပ်ထားသည့် ထော်လဂျီ နှစ်စီးပေါ် ရှိနေစဉ် မိုးကြိုးပစ်ခံခဲ့ရခြင်းဖြစ်ကြောင်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံမှ သိရပါတယ်ခမျ….။
Dawei Watch
Zawgyi