
မြို့ဒေါင့်စေတီပွဲဈေးတန်းမှ ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်မှန် (သင်ခန်းစာ ယူသင့်ပါတယ်)

မြို့ဒေါင့်စေတ်ီပွဲဈေးတွင် ဘိုးတော်တစ်ယောက်ဗေဒင်ဟောနေတာကို ဘေးက လူငယ်အုပ်စု ၄/၅ယောက် က လှောင်သလိုလိုပြောင်သလိုလိုနဲ့ မျက်နှာပြောင်နေကြသည်။






Unicode

ဘိုးတော်တစ်ယောက်ဗေဒင်ဟောနေတာကို လှောင်မြောင်မိတဲ့ လူငယ်အုပ်စုရဲ့ ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်မှန်

မြို့ဒေါင့်စေတီပွဲစျေးတန်းမှ ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်မှန် (သင်ခန်းစာ ယူသင့်ပါတယ်)

မြို့ဒေါင့်စေတီ်ပွဲစျေးတွင် ဘိုးတော်တစ်ယောက်ဗေဒင်ဟောနေတာကို ဘေးက လူငယ်အုပ်စု ၄/၅ယောက် က လှောင်သလိုလိုပြောင်သလိုလိုနဲ့ မျက်နှာပြောင်နေကြသည်။

ကြာလာတော့ဘိုးတော်လဲဒေါသထွက်လာပြီး “ဟေ့ကောင်တွေ မင်းတို့ငါကိုဘာထင်နေလဲ၊ ငါကျိန်စာတိုက် အင်းခွက် ရေးလိုက်ရင် မင်းတို့ဘဝတွေ ဘာဖြစ်သွားမယ်ထင်လဲ ”

အဲ့ဒါကို လူငယ်အုပ်စုက မကြောက်တဲ့အပြင် ခွက်ထိုးခွက်လန် ဟားတိုက်ရယ်မောပြီး လှောင်ပြောင်နေကြသေးသည် …။

ဒါပေမယ်… ချက်ချင်းဆိုသလိုပဲ သူတို့မျက်လုံးတွေ ဘာမှမမြင်ရတော့ပဲ တစ်လောကလုံး မှောင်မဲသွားလေတော့သည်။ အဲ့သည့်တော့မှသူတို့လဲ အသိတရားဝင်လာကြပြီး “အဖိုးရယ်၊ သားတို့မှားသွားပါတယ်၊ သားတို့ကိုခွင်လွှတ်ပေးပါ” လို့ လက်အုပ်ချီပြီး တောင်းပန်ကြ ပါတော့တယ် …။

အဲချိန်မှာ ဘိုးတော်ပြန်ပြောလိုက်တဲ့စကားက “မသာတွေငါဘာမှမလုပ်ရသေးဘူး။ မင်းတို့ ပထွေး EPC က မီးဖြတ် လိုက်တာကွ၊ ငါလဲဘာမှမမြင်ရတော့ဘူး”

Credit:Original Writer

Zawgyi