“ဖခင္အရင္း၏ ရမက္အတြင္း ေႂကြက်ခဲ့ရေသာပန္းကေလးတပြင့္”

“ဖခင္အရင္း၏ ရမက္အတြင္း ေႂကြက်ခဲ့ရေသာပန္းကေလးတပြင့္

သားသမီးဆိုတာ ကိုယ့္ရတနာ၊ ကိုယ့္မ်ိဳးဆက္၊ ကိုယ့္ရဲ႕အနာဂတ္လ့ို ဖခင္တိုင္းက ခံယူထားၾကတယ္။ ဖခင္ရယ္လို႔ ျဖစ္လာၿပီဆိုတာနဲ႔ ကိုယ့္သား၊ ကိုယ့္သမီးေတြအေပၚမွာ သူမ်ားေတြရဲ႕ ရန္ျပဳမွာကို ကာကြယ္ရမယ္၊ ေျမေတာင္ေျမႇာက္ ေပးရမယ္ဆိုတဲ့ အသိက ဖခင္ ၁၀ ဦးမွာ ၉ ဦးက ေတြးၾကပါလိမ့္မယ္ ….. ။ ဒါေပမယ့္ ေျမာက္ဥကၠလာပၿမိဳ႕နယ္က ရပ္ကြက္တခုမွာ ျဖစ္ပြားသြားခဲ့တဲ့ အျဖစ္အပ်က္တခုကေတာ့ ဖခင္အမ်ားစုရဲ႕ ဆႏၵနဲ႔ ဆန႔္က်င္ဘက္ပါပဲ။ ဖခင္အရင္းျဖစ္သူ ကိုယ္တိုင္က အပ်ိဳေဖာ္ဝင္စ သမီးအရင္းကို အဓမၼျပဳက်င့္မႈ ျဖစ္ပြားခဲ့ျခင္းပါပဲ … ။

ငမိုးရိမ္ေခ်ာင္းကမ္းနားေဘး၊ ပ်ံက်က်ဴးေက်ာ္တဲေတြ အက်ယ္အဝန္း ၁၀ ေပ၊ ၁၅ ေပ အိမ္ကေလးေတြ ႁပြတ္သိပ္ က်ပ္ညပ္ေနတဲ့ ေနရာ၊ ေခ်ာင္းေရက အိမ္ေအာက္ကို အၿမဲတမ္း ဝင္တဲ့အတြက္ အိမ္တိုင္းလိုလိုက ေျမႀကီးနဲ႔အနည္းဆုံး ၄ ေပေက်ာ္အထိ အျမင့္ေဆာက္ထားၾကတဲ့ ေနရာမ်ိဳးမွာပါ … ။ အခင္းျဖစ္ခဲ့ရာ အိမ္ထဲကို ဝင္ေတာ့ အိမ္တြင္းၾကမ္းခင္းက သံစုံျမည္ေနၿပီး ေခါင္မိုးနဲ႔ ၾကမ္းျပင္ ကပ္ေနတဲ့ အိမ္ငယ္တလုံး အေပၚ မိုးစက္က်သံက ဆူညံေနတယ္။ အသက္ ၁၆ ႏွစ္ေက်ာ္အ႐ြယ္ မျပည့္ျပည့္ (အမည္လႊဲ) က သူ႔အိပ္ရာကေန ကမန္းကတမ္းထၿပီးေတာ့ ဧည့္ဝတ္ျပဳတယ္ … ။

အသားျဖဴျဖဴ အရပ္ ၅ ေပ မျပည့္တျပည့္အ႐ြယ္ ရွိ မျပည့္ျပည့္ဟာ မ်က္ႏွာစိမ္းဧည့္သည္ေတြ ျဖစ္တဲ့ အတြက္ စိုးရိမ္ေနပုံ ရပါတယ္။ အစပိုင္း ေရွာင္ဖယ္ဖယ္ လုပ္ေနေပမယ့္ အက်ိဳးအေၾကာင္း ရွင္းျပၿပီးတဲ့ ေနာက္မွာ ၿပီးခဲ့တဲ့ ဧၿပီလထဲမွာ သူမ စၿပီး ႀကဳံေတြ႕ခဲ့ရတဲ့ စိတ္ပ်က္ဖြယ္ရာ အျဖစ္အပ်က္ကို ျပန္ရွင္းျပပါတယ္ …. ။ “က်မအိပ္ေနတဲ့ ျခင္ေထာင္ထဲကို အေဖက ဝင္လာတယ္ က်မက ဘာလို႔လဲေမးေတာ့ သမီးနဲ႔ အိပ္ခ်င္တယ္ ဆိုၿပီး က်မ ပါးစပ္ကို အတင္းပိတ္ၿပီး အဓမၼ ျပဳက်င့္ေတာ့တာပဲ က်မက ေျခေထာက္ေတြေဆာင့္၊ နံရံကိုကန္တယ္။ အိမ္အတြင္း ခန္းမွာ အိပ္ေနတဲ့ အေမက ႏိုး၊ မႏိုးေတာ့ မသိဘူး။ က်မကို သူက မ႐ုန္းနဲ႔ သတ္ပစ္မယ္လို႔ ၿခိမ္းေျခာက္တယ္” လို႔ မျပည့္ျပည့္က ဆိုပါတယ္ …. ။

မျပည့္ျပည့္ဟာ အသက္ ၁ဝ လေက်ာ္ အ႐ြယ္ထဲက သူ႔အေမရဲ႕ အစ္မျဖစ္သူ အိမ္မွာေနထိုင္ ႀကီးျပင္းခဲ့သူပါ။ ဖခင္ျဖစ္သူက မိခင္နဲ႔ စကားမ်ားရာကေန ေပါင္ကို ဓားနဲ႔ ထိုးတဲ့အတြက္ ေထာင္ ၃ ႏွစ္က်ခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီအခ်ိန္က တပ္မေတာ္အစိုးရ လက္ထက္ ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္မွာ နယ္စပ္ေဒသ ဖြံ႕ၿဖိဳးေရး႐ြာေတြ တည္ေဆာက္ေနခ်ိန္ အက်ဥ္းသားေတြ၊ ေလလြင့္မိသားစုေတြကို အဲဒီေဒသမွာ ႐ြာတည္ေပးၿပီး ေနစရာအိမ္၊ လုပ္ကိုင္စားေသာက္စရာ လယ္ကြက္နဲ႔ ေထာက္ပံ့ေၾကးေတြ ေပးတဲ့အခ်ိန္မွာ မိဘ ၂ ပါးလုံးက အဲဒီေဒသကို ထြက္သြားၾကပါတယ္ …. ။၂၀၁၂ ခုႏွစ္ ေနာက္ပိုင္း ဘဂၤါလီနဲ႔ ရခိုင္ အေရးအခင္း အၿပီးမွာ မိဘ ၂ ပါးလုံးက ရန္ကုန္ကို ျပန္လာခဲ့ၾကတယ္။ ျပန္လာၿပီး ေနာက္ပိုင္း မျပည့္ျပည့္ကို အေဒၚျဖစ္သူရဲ႕ေနအိမ္က ျပန္ေခၚၿပီး မိသားစု ၃ ဦး အတူေနခဲ့ၾကတယ္။ အဲဒီအခ်ိန္က မျပည့္ျပည့္ဟာ မူလတန္း ၃ တန္း တက္ေနခ်ိန္ျဖစ္ၿပီး မိဘေတြက ျပန္ေခၚတာနဲ႔ ေက်ာင္းပ်က္ကြက္ရက္ မ်ားလာတာေၾကာင့္ ေနာက္ဆုံးမွာ ေက်ာင္းထြက္လိုက္ရတယ္ …. ။

ေနာက္ေတာ့ မိဘေတြက ေျမာက္ဥကၠလာၿမိဳ႕နယ္ထဲက လက္ဖက္ရည္ဆိုင္ တခုမွာ အလုပ္သမားအျဖစ္ သြားေရာက္ လုပ္ကိုင္ေစခဲ့ပါတယ္။ ရတဲ့ လခေတြ အကုန္လုံးကို မိဘေတြက ယူၿပီး မိမိကေတာ့ လက္ဖက္ရည္ဆိုင္မွာ အိပ္၊ စား ေနထိုင္ခဲ့ရတယ္လို႔ ေျပာျပပါတယ္ …. ။ မိမိ အပ်ိဳေဖာ္ဝင္စ အခ်ိန္မွာ အေဒၚျဖစ္သူေတြ အားလုံးက မိခင္ျဖစ္သူနဲ႔ အတိုက္အခံလုပ္ကာ လက္ဖက္ရည္ဆိုင္မွာ တျခားေယာက်္ားေလးေတြနဲ႔ အတူတူ လုပ္ကိုင္ ေနထိုင္ေနတာထက္ ပိုလုံၿခဳံေအာင္ဆိုၿပီး တျခားအလုပ္ကို ေျပာင္းခိုင္း တယ္။ အဲဒီေနာက္ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ ၂ ရပ္ကြက္ေဈးထဲက အသုတ္ဆိုင္တဆိုင္မွာ ဆိုင္အကူ အေနနဲ႔ လုပ္ကိုင္ခဲ့တယ္လို႔ ေျပာျပတယ္ …. ။

အသုတ္ဆိုင္ကို မနက္ ၄ နာရီေလာက္သြားရၿပီး ညေန ၆ နာရီေလာက္မွ ျပန္ရပါတယ္။ အႀကိဳ အပို႔ကို ဖခင္ျဖစ္သူကိုယ္တိုင္ စက္ဘီးနဲ႔လိုက္ပို႔ခဲ့တာ ျဖစ္ၿပီး ဒီႏွစ္ ၾသကၤန္ကာလာ အေက်ာ္ တညမွာေတာ့ ဖခင္ျဖစ္သူရဲ႕ ပထမဆုံး အဓမၼက်င့္ျခင္း ခံခဲ့ရတာလို႔ ရင္ဖြင့္ပါတယ္ …. ။ ဖခင္ရဲ႕ ျပဳက်င့္မႈဟာ တႀကိမ္တခါတည္းေတာ့ မဟုတ္ပါဘူး။ ၂ ႀကိမ္ေျမာက္ ျပဳက်င့္ခံရၿပီးတဲ့ေနာက္ အိမ္ခန္းေနရာ ေျပာင္းတဲ့အခါ သူႀကဳံေတြ႕ရတာေတြကို မိခင္ျဖစ္သူကို ေျပာျပ ေပမယ့္ မိခင္ျဖစ္သူ ကိုယ္တိုင္က အေဖကို ေၾကာက္ရတဲ့ အတြက္ “မေျပာရဲဘူး” လို႔ သူ႔ကို ျပန္ေျပာတဲ့အေၾကာင္း မျပည့္ျပည့္က အခုလိုပဲ ေျပာျပတယ္ … ။ အဲဒီလိုနဲ႔ ဇြန္လ ၃၀ ရက္ေန႔ တိုင္ခ်က္ မဖြင့္ခင္အခ်ိန္ထိ အေဖျဖစ္သူက သူ႔ကို ၁ဝ ႀကိမ္ထက္ မနည္း သားမယား ျပဳက်င့္တာ ခံခဲ့ရတယ္။ တေန႔ ေန႔လည္ပိုင္း အိမ္မွာ မိခင္မရွိတုန္း အေဖျဖစ္သူက သူ႔ကို သားမယား ျပဳက်င့္ေနတာ အိမ္နီးနားခ်င္း အမ်ိဳးသမီး ၁ ဦးက စတင္ ေတြ႕ခဲ့ရာကေန အေဒၚျဖစ္သူေတြဆီ သတင္းေရာက္သြားတယ္လို႔ သိရပါတယ္ …. ။

အေဒၚျဖစ္တဲ့ ေဒၚဝင္းေမာ္နဲ႔ အစ္မဝမ္းကြဲျဖစ္တဲ့ မႏွင္းပြင့္ျဖဴတို႔က က်န္တဲ့ ေဆြမ်ိဳးတခ်ိဳ႕ နဲ႔အတူ သူ အလုပ္လုပ္ကိုင္ရာ အသုတ္ဆိုင္ကို ၃ ႀကိမ္ေလာက္အထိ သြားေစာင့္ၿပီး ဒီကိစၥကို ေမးဖို႔ ႀကိဳးစားခဲ့ၾကတယ္။ အသုတ္ဆိုင္ သိမ္းခ်ိန္ ေရာက္တာနဲ႔ အေဖျဖစ္သူက စက္ဘီးနဲ႔ လာႀကိဳတာ ႀကဳံေနရတဲ့အတြက္ ေသခ်ာေမးခြင့္မရခဲ့ဘူး … ။ ေနာက္ဆုံးအႀကိမ္မွာေတာ့ အေဖျဖစ္သူ မလာခင္ မျပည့္ျပည့္ကို ေမးခြင့္ရတဲ့အခါ ဖခင္အရင္းျဖစ္သူ ကိုယ္တိုင္ ကိုယ့္သမီးကို သားမယားျပဳက်င့္တာကို သိခြင့္ရလိုက္ၾကတယ္ …. ။ မႏွင္းပြင့္ျဖဴက “သူ႔ကို က်မတို႔က အိမ္လည္ ေခၚလာလို႔ေတာင္ မရဘူး။ သူ႔အေဖက အေနာက္ကေန လိုက္လာတယ္။ ကိုယ့္ေမာင္ႏွမခ်င္း သြားလာတာ သူတို႔မိသားစုက မႀကိဳက္ဘူး။ အဲဒီထဲက က်မတို႔က နည္းနည္း သံသယ ရွိေနတယ္။ ပတ္ဝန္းက်င္က ေျပာေနေပမယ့္ ပထမက က်မတို႔က မယုံဘူး အေဖအရင္းက ဒီလိုလုပ္လိမ့္မယ္ဆိုတာ ထင္မထားဘူး။ သူ႔ကိုေသခ်ာေမးေတာ့မွ မွန္တယ္ဆိုတာ လက္ခံလိုက္ရတာ” ဟု ဆိုပါတယ္ …. ။

အဲဒီေနာက္ ဇြန္လ ၃၀ ရက္ေန႔ ညေနပိုင္း သိသိခ်င္း ေဆြမ်ိဳးသားခ်င္းေတြ တိုင္ပင္ၿပီးေတာ့ ရဲစခန္းမွာ အမႈဖြင့္ခဲ့ၾကတယ္။ ရဲဘက္ကလည္း တိုင္ခ်က္ လက္ခံၿပီးေတာ့ မျပည့္ျပည့္ရဲ႕ အေဖ အလုပ္က ျပန္လာခ်ိန္ကို ေစာင့္ၿပီး ဖမ္းဆီးကာ ရဲစခန္းမွာ စစ္ခ်က္ယူခဲ့ပါတယ္ ….. ။ ဒါေပမယ့္ အေမျဖစ္သူက ရဲစခန္းမွာ စစ္ခ်က္ယူေနခ်ိန္ အေဖျဖစ္သူဘက္ကို လိုက္ကာ မျပည့္ျပည့္ကပဲ ရည္းစားထားၿပီး မေနႏိုင္လို႔ အေဖျဖစ္သူကို ဒီလိုလုပ္ခိုင္းတာ သူ႔ဘာသာ ၿငိမ္ခံတာ စတဲ့ စကားေတြ ေျပာဆိုတဲ့အတြက္ ေဆြမ်ိဳးတသိုက္နဲ႔ အခ်င္းမ်ားခဲ့ၾကရတယ္လို႔ အမႈဖြင့္စဥ္မွာ လိုက္ပါခဲ့တဲ့ မျပည့္ျပည့္ရဲ႕ အေဒၚတဦးက ေျပာပါတယ္ …. ။ က်န္တဲ့ တမ်ိဳးလုံးအျပင္ ဒီအျဖစ္အပ်က္ေတြကို သိလိုက္ၾကတဲ့ ပတ္ဝန္းက်င္က လူေတြကပါ မခံမရပ္ႏိုင္ ျဖစ္ၾကတယ္လို႔ သိရပါတယ္ ….. ။ ရဲစခန္းမွာ တာဝန္ရွိသူတဦးက “ခင္ဗ်ားေယာက်္ားကို ကယ္မွာလား၊ ခင္ဗ်ားသမီးကို ကယ္မွာလား” လို႔ မျပည့္ျပည့္ မိခင္ကို ေမးလိုက္တာေတာင္ သူ႔ေယာက်္ားကိုပဲ ကယ္မယ္၊ သမီးလုပ္သူက သူ႔ထိုက္နဲ႔ သူ႔ကံပဲလို႔ ဆိုခဲ့တာေတြေၾကာင့္ အခုဆိုရင္ မျပည့္ျပည့္ရဲ႕ အေမျဖစ္သူကိုေတာင္ ရပ္ကြက္ထဲမွာ လာမေနခိုင္းၾကေတာ့ပါဘူး လို႔ သိရပါတယ္ …. ။

အိမ္နီးနားခ်င္း အမ်ိဳးသားတဦး က “က်ေနာ္တို႔က နည္းနည္းေတာ့ ရိပ္မိေနတယ္ ဒါေပမယ့္ မိသားစုေရးကိစၥဆိုၿပီး ေနခဲ့တာ။ အခုမွ ေသခ်ာသိေတာ့ သူ႔အေမကို ဒီေနရာ ျပန္လာတာနဲ႔ ႐ိုက္မယ္လို႔ ေျပာလိုက္တယ္။ ဒီအရပ္မွာ လာမေနနဲ႔။ အရပ္နာတယ္လို႔ ေျပာထားတယ္။ သူလည္း လာမေနရဲဘူး တကယ္လည္းလာၾကည့္ က်ေနာ္တို႔က တကယ္႐ိုက္မွာ။ သူ႔အေဖကို ဖမ္းၿပီး ညတြင္းခ်င္း အိမ္က ပစၥည္းေတြပါ ယူၿပီး ထြက္သြားတာ။ အခု ဘယ္မွာေနလဲေတာ့ မသိဘူး” ဟု ဆိုတယ္ …. ။ ယခုဆိုလွ်င္ မျပည့္ျပည့္တေယာက္ သူ႔ရဲ႕ ဖခင္ကို ျမင္ေတာင္မျမင္ခ်င္ေတာ့တဲ့ စိတ္ခံစားမႈေတြ ျဖစ္ေနရပါတယ္။ ဖခင္ျဖစ္သူကို ျမင္လိုက္တာနဲ႔ ေၾကာက္႐ြံ႕စိတ္၊ ရွက္စိတ္နဲ႔အတူ ကိုယ့္ကိုကိုယ္ ေဆာက္တည္ရာမရ ျဖစ္ေနဆဲပါ …. ။ ဒီအျဖစ္အပ်က္က သူ႔ဘဝ ဆက္လက္ေလွ်ာက္လွမ္းဖို႔အတြက္ ၿခိမ္းေျခာက္မႈ တခုလို သူခံစားေနရပါတယ္။ ေနာက္ သူ႔မွာ အမ်ိဳးသမီးကိစၥ(ရာသီေသြးဆင္းမႈ) တလေက်ာ္လာေပမယ့္ မျဖစ္လာတဲ့အျပင္ ကိုယ္လက္မအီမသာ ျဖစ္ေနတာေၾကာင့္ ကိုယ္ဝန္ရွိေနၿပီလားဆိုတဲ့ စိုးရိမ္စိတ္ကလည္း ျဖစ္ေနရျပန္ပါတယ္ …. ။

မျပည့္ျပည့္ က “အခုခ်ိန္မွာ သမီး(က်မ) ဘာမွ မစဥ္းစားခ်င္ေတာ့ဘူး အားလုံးကို ေမ့ခ်င္ေနၿပီ။ အေဖ့ကိုလည္း ေနာက္ထပ္ မျမင္ခ်င္ေတာ့ဘူး။ အေမ့ကိုလည္း မေတြခ်င္ေတာ့ဘူး။ ဘာျဖစ္လို႔ ျဖစ္ခဲ့တယ္ဆိုတာထက္ သမီးအေနနဲ႔ ဘယ္သူနဲ႔မွကို စကားေျပာခ်င္တဲ့ စိတ္ကို မရွိသလိုျဖစ္ေနတာ လို႔ ဆိုပါတယ္ …. ။ အခုဆိုရင္ မျပည့္ျပည့္တေယာက္ မိဘႏွစ္ပါးနဲ႔လည္း ကြဲကြားသြားခဲ့ရပါတယ္။ သူ႔အတြက္ ဒီပတ္ဝန္းက်င္မွာ ေရရွည္ေနထိုင္ဖို႔ အခက္အခဲေတြျဖစ္ေနသလို ဘဝ အနာဂတ္ျဖတ္သန္းေရး အတြက္လည္း စိတ္ဖိစီးမႈေတြ ရွိေနတယ္ဆိုတာ သူ႔ရဲ႕ မ်က္ႏွာေပၚမွာ အထင္းသား ျမင္ေတြ႕ေနရပါတယ္ …. ။

Credit – ထက္ေခါင္လင္း (Irrawaddy)

ေလးစားစြာျဖင့္ ခရက္ဒစ္

Unicode

“ဖခင်အရင်း၏ ရမက်အတွင်း ကြွေကျခဲ့ရသောပန်းကလေးတပွင့်

သားသမီးဆိုတာ ကိုယ့်ရတနာ၊ ကိုယ့်မျိုးဆက်၊ ကိုယ့်ရဲ့အနာဂတ်လိ့ု ဖခင်တိုင်းက ခံယူထားကြတယ်။ ဖခင်ရယ်လို့ ဖြစ်လာပြီဆိုတာနဲ့ ကိုယ့်သား၊ ကိုယ့်သမီးတွေအပေါ်မှာ သူများတွေရဲ့ ရန်ပြုမှာကို ကာကွယ်ရမယ်၊ မြေတောင်မြှောက် ပေးရမယ်ဆိုတဲ့ အသိက ဖခင် ၁၀ ဦးမှာ ၉ ဦးက တွေးကြပါလိမ့်မယ် ….. ။ ဒါပေမယ့် မြောက်ဥက္ကလာပမြို့နယ်က ရပ်ကွက်တခုမှာ ဖြစ်ပွားသွားခဲ့တဲ့ အဖြစ်အပျက်တခုကတော့ ဖခင်အများစုရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ဘက်ပါပဲ။ ဖခင်အရင်းဖြစ်သူ ကိုယ်တိုင်က အပျိုဖော်ဝင်စ သမီးအရင်းကို အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ခြင်းပါပဲ … ။

ငမိုးရိမ်ချောင်းကမ်းနားဘေး၊ ပျံကျကျူးကျော်တဲတွေ အကျယ်အဝန်း ၁၀ ပေ၊ ၁၅ ပေ အိမ်ကလေးတွေ ပြွတ်သိပ် ကျပ်ညပ်နေတဲ့ နေရာ၊ ချောင်းရေက အိမ်အောက်ကို အမြဲတမ်း ဝင်တဲ့အတွက် အိမ်တိုင်းလိုလိုက မြေကြီးနဲ့အနည်းဆုံး ၄ ပေကျော်အထိ အမြင့်ဆောက်ထားကြတဲ့ နေရာမျိုးမှာပါ … ။ အခင်းဖြစ်ခဲ့ရာ အိမ်ထဲကို ဝင်တော့ အိမ်တွင်းကြမ်းခင်းက သံစုံမြည်နေပြီး ခေါင်မိုးနဲ့ ကြမ်းပြင် ကပ်နေတဲ့ အိမ်ငယ်တလုံး အပေါ် မိုးစက်ကျသံက ဆူညံနေတယ်။ အသက် ၁၆ နှစ်ကျော်အရွယ် မပြည့်ပြည့် (အမည်လွှဲ) က သူ့အိပ်ရာကနေ ကမန်းကတမ်းထပြီးတော့ ဧည့်ဝတ်ပြုတယ် … ။

အသားဖြူဖြူ အရပ် ၅ ပေ မပြည့်တပြည့်အရွယ် ရှိ မပြည့်ပြည့်ဟာ မျက်နှာစိမ်းဧည့်သည်တွေ ဖြစ်တဲ့ အတွက် စိုးရိမ်နေပုံ ရပါတယ်။ အစပိုင်း ရှောင်ဖယ်ဖယ် လုပ်နေပေမယ့် အကျိုးအကြောင်း ရှင်းပြပြီးတဲ့ နောက်မှာ ပြီးခဲ့တဲ့ ဧပြီလထဲမှာ သူမ စပြီး ကြုံတွေ့ခဲ့ရတဲ့ စိတ်ပျက်ဖွယ်ရာ အဖြစ်အပျက်ကို ပြန်ရှင်းပြပါတယ် …. ။ “ကျမအိပ်နေတဲ့ ခြင်ထောင်ထဲကို အဖေက ဝင်လာတယ် ကျမက ဘာလို့လဲမေးတော့ သမီးနဲ့ အိပ်ချင်တယ် ဆိုပြီး ကျမ ပါးစပ်ကို အတင်းပိတ်ပြီး အဓမ္မ ပြုကျင့်တော့တာပဲ ကျမက ခြေထောက်တွေဆောင့်၊ နံရံကိုကန်တယ်။ အိမ်အတွင်း ခန်းမှာ အိပ်နေတဲ့ အမေက နိုး၊ မနိုးတော့ မသိဘူး။ ကျမကို သူက မရုန်းနဲ့ သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်” လို့ မပြည့်ပြည့်က ဆိုပါတယ် …. ။

မပြည့်ပြည့်ဟာ အသက် ၁ဝ လကျော် အရွယ်ထဲက သူ့အမေရဲ့ အစ်မဖြစ်သူ အိမ်မှာနေထိုင် ကြီးပြင်းခဲ့သူပါ။ ဖခင်ဖြစ်သူက မိခင်နဲ့ စကားများရာကနေ ပေါင်ကို ဓားနဲ့ ထိုးတဲ့အတွက် ထောင် ၃ နှစ်ကျခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်က တပ်မတော်အစိုးရ လက်ထက် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မှာ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရွာတွေ တည်ဆောက်နေချိန် အကျဉ်းသားတွေ၊ လေလွင့်မိသားစုတွေကို အဲဒီဒေသမှာ ရွာတည်ပေးပြီး နေစရာအိမ်၊ လုပ်ကိုင်စားသောက်စရာ လယ်ကွက်နဲ့ ထောက်ပံ့ကြေးတွေ ပေးတဲ့အချိန်မှာ မိဘ ၂ ပါးလုံးက အဲဒီဒေသကို ထွက်သွားကြပါတယ် …. ။၂၀၁၂ ခုနှစ် နောက်ပိုင်း ဘင်္ဂါလီနဲ့ ရခိုင် အရေးအခင်း အပြီးမှာ မိဘ ၂ ပါးလုံးက ရန်ကုန်ကို ပြန်လာခဲ့ကြတယ်။ ပြန်လာပြီး နောက်ပိုင်း မပြည့်ပြည့်ကို အဒေါ်ဖြစ်သူရဲ့နေအိမ်က ပြန်ခေါ်ပြီး မိသားစု ၃ ဦး အတူနေခဲ့ကြတယ်။ အဲဒီအချိန်က မပြည့်ပြည့်ဟာ မူလတန်း ၃ တန်း တက်နေချိန်ဖြစ်ပြီး မိဘတွေက ပြန်ခေါ်တာနဲ့ ကျောင်းပျက်ကွက်ရက် များလာတာကြောင့် နောက်ဆုံးမှာ ကျောင်းထွက်လိုက်ရတယ် …. ။

နောက်တော့ မိဘတွေက မြောက်ဥက္ကလာမြို့နယ်ထဲက လက်ဖက်ရည်ဆိုင် တခုမှာ အလုပ်သမားအဖြစ် သွားရောက် လုပ်ကိုင်စေခဲ့ပါတယ်။ ရတဲ့ လခတွေ အကုန်လုံးကို မိဘတွေက ယူပြီး မိမိကတော့ လက်ဖက်ရည်ဆိုင်မှာ အိပ်၊ စား နေထိုင်ခဲ့ရတယ်လို့ ပြောပြပါတယ် …. ။ မိမိ အပျိုဖော်ဝင်စ အချိန်မှာ အဒေါ်ဖြစ်သူတွေ အားလုံးက မိခင်ဖြစ်သူနဲ့ အတိုက်အခံလုပ်ကာ လက်ဖက်ရည်ဆိုင်မှာ တခြားယောကျ်ားလေးတွေနဲ့ အတူတူ လုပ်ကိုင် နေထိုင်နေတာထက် ပိုလုံခြုံအောင်ဆိုပြီး တခြားအလုပ်ကို ပြောင်းခိုင်း တယ်။ အဲဒီနောက် မြောက်ဥက္ကလာပမြို့နယ်၊ ၂ ရပ်ကွက်ဈေးထဲက အသုတ်ဆိုင်တဆိုင်မှာ ဆိုင်အကူ အနေနဲ့ လုပ်ကိုင်ခဲ့တယ်လို့ ပြောပြတယ် …. ။

အသုတ်ဆိုင်ကို မနက် ၄ နာရီလောက်သွားရပြီး ညနေ ၆ နာရီလောက်မှ ပြန်ရပါတယ်။ အကြို အပို့ကို ဖခင်ဖြစ်သူကိုယ်တိုင် စက်ဘီးနဲ့လိုက်ပို့ခဲ့တာ ဖြစ်ပြီး ဒီနှစ် သြင်္ကန်ကာလာ အကျော် တညမှာတော့ ဖခင်ဖြစ်သူရဲ့ ပထမဆုံး အဓမ္မကျင့်ခြင်း ခံခဲ့ရတာလို့ ရင်ဖွင့်ပါတယ် …. ။ ဖခင်ရဲ့ ပြုကျင့်မှုဟာ တကြိမ်တခါတည်းတော့ မဟုတ်ပါဘူး။ ၂ ကြိမ်မြောက် ပြုကျင့်ခံရပြီးတဲ့နောက် အိမ်ခန်းနေရာ ပြောင်းတဲ့အခါ သူကြုံတွေ့ရတာတွေကို မိခင်ဖြစ်သူကို ပြောပြ ပေမယ့် မိခင်ဖြစ်သူ ကိုယ်တိုင်က အဖေကို ကြောက်ရတဲ့ အတွက် “မပြောရဲဘူး” လို့ သူ့ကို ပြန်ပြောတဲ့အကြောင်း မပြည့်ပြည့်က အခုလိုပဲ ပြောပြတယ် … ။ အဲဒီလိုနဲ့ ဇွန်လ ၃၀ ရက်နေ့ တိုင်ချက် မဖွင့်ခင်အချိန်ထိ အဖေဖြစ်သူက သူ့ကို ၁ဝ ကြိမ်ထက် မနည်း သားမယား ပြုကျင့်တာ ခံခဲ့ရတယ်။ တနေ့ နေ့လည်ပိုင်း အိမ်မှာ မိခင်မရှိတုန်း အဖေဖြစ်သူက သူ့ကို သားမယား ပြုကျင့်နေတာ အိမ်နီးနားချင်း အမျိုးသမီး ၁ ဦးက စတင် တွေ့ခဲ့ရာကနေ အဒေါ်ဖြစ်သူတွေဆီ သတင်းရောက်သွားတယ်လို့ သိရပါတယ် …. ။

အဒေါ်ဖြစ်တဲ့ ဒေါ်ဝင်းမော်နဲ့ အစ်မဝမ်းကွဲဖြစ်တဲ့ မနှင်းပွင့်ဖြူတို့က ကျန်တဲ့ ဆွေမျိုးတချို့ နဲ့အတူ သူ အလုပ်လုပ်ကိုင်ရာ အသုတ်ဆိုင်ကို ၃ ကြိမ်လောက်အထိ သွားစောင့်ပြီး ဒီကိစ္စကို မေးဖို့ ကြိုးစားခဲ့ကြတယ်။ အသုတ်ဆိုင် သိမ်းချိန် ရောက်တာနဲ့ အဖေဖြစ်သူက စက်ဘီးနဲ့ လာကြိုတာ ကြုံနေရတဲ့အတွက် သေချာမေးခွင့်မရခဲ့ဘူး … ။ နောက်ဆုံးအကြိမ်မှာတော့ အဖေဖြစ်သူ မလာခင် မပြည့်ပြည့်ကို မေးခွင့်ရတဲ့အခါ ဖခင်အရင်းဖြစ်သူ ကိုယ်တိုင် ကိုယ့်သမီးကို သားမယားပြုကျင့်တာကို သိခွင့်ရလိုက်ကြတယ် …. ။ မနှင်းပွင့်ဖြူက “သူ့ကို ကျမတို့က အိမ်လည် ခေါ်လာလို့တောင် မရဘူး။ သူ့အဖေက အနောက်ကနေ လိုက်လာတယ်။ ကိုယ့်မောင်နှမချင်း သွားလာတာ သူတို့မိသားစုက မကြိုက်ဘူး။ အဲဒီထဲက ကျမတို့က နည်းနည်း သံသယ ရှိနေတယ်။ ပတ်ဝန်းကျင်က ပြောနေပေမယ့် ပထမက ကျမတို့က မယုံဘူး အဖေအရင်းက ဒီလိုလုပ်လိမ့်မယ်ဆိုတာ ထင်မထားဘူး။ သူ့ကိုသေချာမေးတော့မှ မှန်တယ်ဆိုတာ လက်ခံလိုက်ရတာ” ဟု ဆိုပါတယ် …. ။

အဲဒီနောက် ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်း သိသိချင်း ဆွေမျိုးသားချင်းတွေ တိုင်ပင်ပြီးတော့ ရဲစခန်းမှာ အမှုဖွင့်ခဲ့ကြတယ်။ ရဲဘက်ကလည်း တိုင်ချက် လက်ခံပြီးတော့ မပြည့်ပြည့်ရဲ့ အဖေ အလုပ်က ပြန်လာချိန်ကို စောင့်ပြီး ဖမ်းဆီးကာ ရဲစခန်းမှာ စစ်ချက်ယူခဲ့ပါတယ် ….. ။ ဒါပေမယ့် အမေဖြစ်သူက ရဲစခန်းမှာ စစ်ချက်ယူနေချိန် အဖေဖြစ်သူဘက်ကို လိုက်ကာ မပြည့်ပြည့်ကပဲ ရည်းစားထားပြီး မနေနိုင်လို့ အဖေဖြစ်သူကို ဒီလိုလုပ်ခိုင်းတာ သူ့ဘာသာ ငြိမ်ခံတာ စတဲ့ စကားတွေ ပြောဆိုတဲ့အတွက် ဆွေမျိုးတသိုက်နဲ့ အချင်းများခဲ့ကြရတယ်လို့ အမှုဖွင့်စဉ်မှာ လိုက်ပါခဲ့တဲ့ မပြည့်ပြည့်ရဲ့ အဒေါ်တဦးက ပြောပါတယ် …. ။ ကျန်တဲ့ တမျိုးလုံးအပြင် ဒီအဖြစ်အပျက်တွေကို သိလိုက်ကြတဲ့ ပတ်ဝန်းကျင်က လူတွေကပါ မခံမရပ်နိုင် ဖြစ်ကြတယ်လို့ သိရပါတယ် ….. ။ ရဲစခန်းမှာ တာဝန်ရှိသူတဦးက “ခင်ဗျားယောကျ်ားကို ကယ်မှာလား၊ ခင်ဗျားသမီးကို ကယ်မှာလား” လို့ မပြည့်ပြည့် မိခင်ကို မေးလိုက်တာတောင် သူ့ယောကျ်ားကိုပဲ ကယ်မယ်၊ သမီးလုပ်သူက သူ့ထိုက်နဲ့ သူ့ကံပဲလို့ ဆိုခဲ့တာတွေကြောင့် အခုဆိုရင် မပြည့်ပြည့်ရဲ့ အမေဖြစ်သူကိုတောင် ရပ်ကွက်ထဲမှာ လာမနေခိုင်းကြတော့ပါဘူး လို့ သိရပါတယ် …. ။

အိမ်နီးနားချင်း အမျိုးသားတဦး က “ကျနော်တို့က နည်းနည်းတော့ ရိပ်မိနေတယ် ဒါပေမယ့် မိသားစုရေးကိစ္စဆိုပြီး နေခဲ့တာ။ အခုမှ သေချာသိတော့ သူ့အမေကို ဒီနေရာ ပြန်လာတာနဲ့ ရိုက်မယ်လို့ ပြောလိုက်တယ်။ ဒီအရပ်မှာ လာမနေနဲ့။ အရပ်နာတယ်လို့ ပြောထားတယ်။ သူလည်း လာမနေရဲဘူး တကယ်လည်းလာကြည့် ကျနော်တို့က တကယ်ရိုက်မှာ။ သူ့အဖေကို ဖမ်းပြီး ညတွင်းချင်း အိမ်က ပစ္စည်းတွေပါ ယူပြီး ထွက်သွားတာ။ အခု ဘယ်မှာနေလဲတော့ မသိဘူး” ဟု ဆိုတယ် …. ။ ယခုဆိုလျှင် မပြည့်ပြည့်တယောက် သူ့ရဲ့ ဖခင်ကို မြင်တောင်မမြင်ချင်တော့တဲ့ စိတ်ခံစားမှုတွေ ဖြစ်နေရပါတယ်။ ဖခင်ဖြစ်သူကို မြင်လိုက်တာနဲ့ ကြောက်ရွံ့စိတ်၊ ရှက်စိတ်နဲ့အတူ ကိုယ့်ကိုကိုယ် ဆောက်တည်ရာမရ ဖြစ်နေဆဲပါ …. ။ ဒီအဖြစ်အပျက်က သူ့ဘဝ ဆက်လက်လျှောက်လှမ်းဖို့အတွက် ခြိမ်းခြောက်မှု တခုလို သူခံစားနေရပါတယ်။ နောက် သူ့မှာ အမျိုးသမီးကိစ္စ(ရာသီသွေးဆင်းမှု) တလကျော်လာပေမယ့် မဖြစ်လာတဲ့အပြင် ကိုယ်လက်မအီမသာ ဖြစ်နေတာကြောင့် ကိုယ်ဝန်ရှိနေပြီလားဆိုတဲ့ စိုးရိမ်စိတ်ကလည်း ဖြစ်နေရပြန်ပါတယ် …. ။

မပြည့်ပြည့် က “အခုချိန်မှာ သမီး(ကျမ) ဘာမှ မစဉ်းစားချင်တော့ဘူး အားလုံးကို မေ့ချင်နေပြီ။ အဖေ့ကိုလည်း နောက်ထပ် မမြင်ချင်တော့ဘူး။ အမေ့ကိုလည်း မတွေချင်တော့ဘူး။ ဘာဖြစ်လို့ ဖြစ်ခဲ့တယ်ဆိုတာထက် သမီးအနေနဲ့ ဘယ်သူနဲ့မှကို စကားပြောချင်တဲ့ စိတ်ကို မရှိသလိုဖြစ်နေတာ လို့ ဆိုပါတယ် …. ။ အခုဆိုရင် မပြည့်ပြည့်တယောက် မိဘနှစ်ပါးနဲ့လည်း ကွဲကွားသွားခဲ့ရပါတယ်။ သူ့အတွက် ဒီပတ်ဝန်းကျင်မှာ ရေရှည်နေထိုင်ဖို့ အခက်အခဲတွေဖြစ်နေသလို ဘဝ အနာဂတ်ဖြတ်သန်းရေး အတွက်လည်း စိတ်ဖိစီးမှုတွေ ရှိနေတယ်ဆိုတာ သူ့ရဲ့ မျက်နှာပေါ်မှာ အထင်းသား မြင်တွေ့နေရပါတယ် …. ။

Credit – ထက်ခေါင်လင်း (Irrawaddy)

လေးစားစွာဖြင့် ခရက်ဒစ်

Be the first to comment

Leave a Reply

Your email address will not be published.


*